အရေးပေါ်သန္ဓေတားဆေး (လိင်ဆက်ဆံပြီးနောက် သောက်သည့် သန္ဓေတားဆေး)

အရေးပေါ်သန္ဓေတားဆေးပြားသည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု သို့မဟုတ် သန္ဓေတားနည်းပျက်ကွက်မှု (ဥပမာ ကွန်ဒုံးပေါက်သွားခြင်း) တွင် ကိုယ်ဝန်မရအောင်ကာကွယ်သည့်နည်းလမ်းတစ်ခုဖြစ်သည်။ လိင်ဆက်ဆံပြီး ၇၂ နာရီအတွင်း သောက်သုံးပါက ထိရောက်မှုရှိသည်။ ၁၀၀% ကာကွယ်နိုင်သည့် အာနိသင်မရှိသော်လည်း စောစီးစွာသောက်သုံးလေ ပိုမိုထိရောက်မှုရှိလေဖြစ်သည်။
ဆေးဆိုင်များတွင် ဆရာဝန်ညွှန်ကြားချက်မလိုဘဲ ယန်း ၇၅၀၀ ခန့်ဖြင့် ဝယ်ယူနိုင်ပါသည်။ ဆေးခန်းများနှင့် ဆေးရုံများတွင်လည်း ဝယ်ယူနိုင်ပါသည်။ (၂/၈ တွင် ထည့်သွင်းထားသည်)
အသက်အရွယ်ကန့်သတ်ချက်မရှိပါ၊ မိဘသဘောတူညီချက်လဲမလိုအပ်ပါ။
ကျန်းမာရေးအာမခံတွင် အကျုံးမဝင်ပါ (ကိုယ်တိုင်ကုန်ကျစရိတ်ဖြစ်သည်)။
တချို့ဆေးဆိုင်များတွင် နေထိုင်ခွင့်ကဒ် (ဇိုင်းလျူးကဒ်) ပြသရန် လိုအပ်နိုင်ပါသည်။
ကိုယ်ဝန်မရှိကြောင်း အတည်ပြုရန်အတွက် အရေးပေါ်သန္ဓေတားဆေးပြားသောက်သုံးပြီး သုံးပတ်အကြာတွင် ကိုယ်ဝန်စစ်ဆေးမှု (ကိုယ်တိုင်စစ်ဆေးခြင်း ↓) ပြုလုပ်ရန် အကြံပြုအပ်ပါသည်။











